Pages

Thursday, September 6, 2012

အင်းမတိုက်နယ်တွင် ဆိုက္ကား လိုင်စင်ဆောင်ခ မတရားကောက်ခံနေ

ပဲခူးတိုင်း အနောက်ချမ်း၊ သဲကုန်းမြို့နယ် အင်းမ တိုက်နယ်တွင် ဆိုက္ကား တစ်စီး၏ လိုင်စင်ဆောင် ရမည့်နှုန်းထားမှာ (၁၀၀၀၀)တစ်သောင်း ကနေ (၂၀၀၀၀)နှစ်သောင်း ထိပေးဆောင် ရမည်ဟု အင်းမတိုက်နယ် စည်ပင်ရုံးမှ သတ်မှတ်ထား ကြောင်းသိရပါတယ်။

စည်ပင်ရုံးကို အနှေးယာဉ် လုပ်သားများ (ဆိုက္ကားသမားများ)က မေးမြန်းတဲ့အခါ တာဝန်ရှိသူတွေက အကျိုးကြောင်းရှင်းမပြပဲ မင်းတို့ တိုင်ခြင်တဲ့ နေရာတိုင်ဟု အင်းမတိုက်နယ် စည်ပင်သာယာ ၀န်ထမ်းတစ်ဦးက ပြောကြားပါတယ်။

ဦးမောင်မောင်သွင် စည်ပင် ဦးစီးကလည်း လုပ်မစားခြင်ရင် ကင်းအောင်နေဟု ဆိုဒ်ကား သမားများကို အကျိုး အကြောင်း မပြောပဲ သူတို့ ပြောခြင်သလို ပြောကြားကြောင်း ဆိုက်ကား သမားများက Myanmar News Now ကို ပြောပါတယ်။


အခုဆို အနှေးယာဉ်လုပ်သားများဟာ စက်တင်ဘာလ ၀က်လောက်ဆို သူတို့ သတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ အခွန်တွေ ပေးဆောင်ရ တော့မည် ဖြစ်ပါတယ်။

မန္တလေးတိုင်း မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးဌာန အနှေးယာဉ်ဌာနခွဲက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ဆိုဒ်ကား တစ်စီး လိုင်စင်ပေးဆောင် ရမည် နှုန်းထားမှာ (၃၀၀၀)သုံးထောင်ကျပ် သတ်မှတ်ထားပါတယ်။


0 comments:

Post a Comment

Note: Only a member of this blog may post a comment.