ဒီဗွီဘီ ၀၅ စက်တင်ဘာ ၂၀၁၂
အရင် စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို တလ
ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌာန်းထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယ
ူစဉ်ကစပြီး ယနေ့ အချိန်ထိ တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံး
ဝန်ကြီး ဦးစိုးမောင်က ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ
ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာဖြစ်ပြီး
ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌာန်းထားပေမယ့် ကျပ် ၄ သိန်းခွဲသာ
ရယူခံစားနေတယ်လို့ ပြောပါတယ်။
လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ
ရုံးဝန်ကြီး ၆ ယောက်ထားတာကို များတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး သူက
အီတလီမှာ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ၆ ပါး၊ ထိုင်း ၀န်ကြီးချုပ်ရုံးမှာ
ဝန်ကြီး ၃ ပါး၊ စင်ကာပူ ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ လာအို အစိုးရ
အဖွဲ့ရုံးမှာ ၀န်ကြီး ၆ ပါး၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၆ ပါး၊
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၁၂ ပါးအထိ ခန့်အပ် အလုပ်လုပ်နေတယ်
ဆိုပြီး ရှင်းပါတယ်။
အမုန်း
11 years ago
0 comments:
Post a Comment
Note: Only a member of this blog may post a comment.