Pages

Thursday, September 6, 2012

နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….

နင်ပေးတဲ့ ခံစားချက် ဘယ်လိုအကြောင်းလဲ ငါမသိ
ထားရာနေစေ၇ာသွား
နင် ဆိုတဲ့ အသိနဲ့ ငါအသက်ရှင်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….။
နင်ပြောခဲ့တဲ့အချစ်အကြောင်း
ဘယ်လိုအရာနဲ့မှ ငါမနှိုင်းယှဉ်
နင့်အလိုလိုက် နင့်အကြိုက်ဆောင်
နင်ဆိုတဲ့ အတွေးကိုပဲ ငါခုံမင်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….။
နင်သတ်မှတ်ပေးတဲ့ နားလည်မှု
ဘယ်လိုနည်းနဲ့မှ ငါမဆန့်ကျင်
နင့်မျက်နှာကိုကြည့်….နင့်ရင်ခွင်ကိုမှီ
နင် ဆိုတဲ့ အာရုံကို ငါတပ်မက်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….။
နင်ချန်ထားခဲ့တဲ့ အထီးကျန်ခြင်း
ဘယ်သူနဲ့မှ အစားမထိုးချင်
နင့်အပျော်ကိုစူးစိုက် နင့်အမိန့်ကိုနာခံ
နင် ဆိုတဲ့အလွမ်းကိုပဲ…..ငါ နှစ်သက်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာဟာ……..။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.