Pages

Tuesday, September 4, 2012

ဒီလိုပါပဲ

နေကြတ်တာမပြောနဲ့
နေထွက်တာ လထွက်တာတောင်
မတွေ့တာကြာပြီ
တွေ့ရင်တော့ သတိထားမိမှာပဲ
တကယ်မအားလို့ပဲ သတိမထားတာပါ။
\”သတိရသေးရဲ့လား\”
အရင်လိုပါပဲ ဖုန်းဆက်ဦးမယ်
အရပ်ရှည်သလိုတော့ မျက်ရည်မလွယ်တော့ဘူး
ပိုဝေးသွားမလား ဆိုပြီး
နှုတ်မဆက်ဘဲလှည့်ထွက်ခဲ့တယ်
မင်းကလဲ ဝေးပြီဆိုမှ လက်ယက်ခေါ်တယ်

ဒီလိုပါပဲ မှာ အဓိပ္ပါယ်ရှိတယ်
သူနဲ့ကိုယ် မတွေ့တာကြာလို့
သူ့မှာ မကြာတာတွေ့ (မကြာမကြာတွေ့သူရှိ) သွားတာဖြစ်မှာပါ
လောင်ပြီ.. ဆိုမှတော့လဲ ငါ့နှလုံးသားပဲဖြစ်တော့မပေါ့
သက်ရောက်မှုအတွက် တန်ပြန်သက်ရောက်မှု
ကိုယ့်အသားကိုယ်ပြန်ကိုက်ထားရ…
ဂငယ်ဂွေ့တွေအပြည့်နဲ့လမ်းတွေ…
တည့်တည့်ပဲ ဆက်လျှောက်ခဲ့တယ်။
အေးအေးဆေးဆေးပါပဲ
ဆို ပေ မယ့် လဲ
အနိုင်နိုင်ပါပဲ…။   ။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.